ကလောမြို့နယ်၌ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး ဆင့်ပွားသင်တန်း (၁/၂၀၂၄) ကျင်းပ

ကလော ဇူလိုင် ၅

ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ ရှင်သန်ခိုင်မာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၉) နာရီခွဲက  ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးဆင့်ပွားသင်တန်း (၁/၂၀၂၄) အခမ်းအနားကျင်းပပြုလုပ်လျက်ရှိရာ ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ကလောမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ဆင့်ပွားသင်တန်း ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်ဇော်ထွေးက ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းက ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးဆင့်ပွားသင်တန်းသို့ တက်ရောက် လာကြသူများအား စာကြည့်တိုက်စီမံခန့်ခွဲမှု လက်စွဲစာစောင်ပါအတိုင်း စာကြည့်တိုက်တွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား သင်တန်းတွင်ပို့ချခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် စာကြည့်တိုက်တာဝန်ခံများက စာကြည့်တိုက်တွင် ဆောင်ရွက်ရမည့် အခြေအနေများနှင့်စာကြည့်တိုက်အတွက် စာအုပ်စာစောင်ရရှိစေရေးအတွက် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)