မင်းတပ် နိုဝင်ဘာ ၁၆
ချင်းပြည်နယ်၊ မတူပီမြို့၊ ပလက်ဝမြို့နှင့် ဆမီးမြို့များသို့ သွားရောက်မည့် ကုန်တင်ကားများ၏ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များကို မင်းတပ်မြို့အဝင် ဦးဝမ္မသူးမောင်းပန်းခြံ၌ RDT Test Kit ဖြင့် နေ့စဉ်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ချင်းပြည်နယ်တောင်ပိုင်းတွင် ကုန်စည်စီးဆင်းလည်ပတ်မှု ပြတ်တောက်ခြင်းမရှိစေရန် မန္တလေးတိုင်းနှင့် မကွေးတိုင်း ပခုက္ကူတို့မှ လာရောက်သော ကုန်တင်ယာဉ်များကို မင်းတပ်မြို့ အဝင်အတွင်Test Kit ဖြင့် စစ်ဆေးပေးပြီး ပိုး မတွေ့ရှိမှသာ ဖြတ်သန်းသွားလာခွင့်ပြုခြင်းဖြစ်သည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် နိုဝင်ဘာ ၁၅ ရက်နေ့အထိ ကုန်တင်ကားပေါင်း ၆၆၅ စီး၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၁၁၈၅ ဦးထဲမှ ပိုးတွေ့ရှိသူ ၁၃ ဦးရှိပြီး ၃ ဦးမှာ ၎င်းတို့ဆန္ဒအရ မိမိဒေသတွင် Facility Quarantine နေထိုင်ကြရန် သက်ဆိုင်ရာ မြို့များသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ကော်မတီမှ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ရှိမှုများကြောင့် မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်များကို ပိုမိုကြပ်မတ် ဆောင်ရွက်သွားရန်နှင့် ပြည်သူများ အနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ရန်၊ အပြင်ထွက်ပါက နှာခေါင်းစည်း တပ်ဆင်ကြရန်နှင့် လိုက်နာမှုမရှိပါက သဘာ ဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဉပဒေဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ကော်မတီမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)