ခေါင်လန်ဖူး၌အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ခေါင်လန်ဖူး  နိုဝင်ဘာ ၁၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ‌အထွေထွေ ရွေးကောက်ပွဲ ကာလတွင် လုံခြုံရေး တာဝန်ဆောင်ရွက်ခဲ့သည့် အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ခေါင်လန်ဖူးမြို့နယ်ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခေါင်လန်ဖူးမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်လင်းက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အမှတ် (၄၆) ခြေလျင်တပ်ရင်းမှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးရဲဝေကျော်၊ ခေါင်လန်ဖူးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဝင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်လင်းတို့က အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့အမှတ် (၄၆) ခြေလျင်တပ်ရင်းမှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးရဲဝေကျော် ခေါင်လန်ဖူး မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အထူး ရဲတပ်ဖွဲ့ဝင်(၃၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ငြိမ်းအိအိဖြိုး(ပြန်ဆက်)