ငွေဆောင်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့


ငွေဆောင်    နိုဝင်ဘာ   ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အခြေခံ စားသောက်ကုန်များ ထောက်ပံ့လှူဒါန်းခြင်းကို ငွေဆောင်မြို့ အမှတ်(၃)ရပ်ကွက် မြို့မလမ်း၌ ယနေ့ နံနက် ၈ နာရီအချိန်တွင် ပြုလုပ်ခဲ့သည်။


အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ငွေဆောင်မြို့ မြတ်ဒါနလူမှုကူညီရေးအသင်းနာယက ဦးကြည်တိုးမှ ဦးဆောငကာ စေတနာရှင် ၊ အလှူရှင်များစုပေါင်း၍ငွေဆောင်မြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များ အတွက် ငွေကျပ် (၃၅၂၅၀၀) တန်ဖိုးရှိသည့် ဆန်(၆)အိတ်၊ ဆီ(၃)ပုံး၊ ကြက်ဥ အလုံး(၃၀၀)တို့ကို အိမ်ထောင်စု (၇၀)စု အား ခွဲဝေ၍ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

မူမူသွင်(ပြန်/ဆက်)