ကန်ပိုက်တီမြို့၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ကန်ပိုက်တီ  နိုဝင်ဘာ ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့၌ ကိုဗစ် - ၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ်မြောက်အဖြစ် ထောက်ပံ့ငွေ များပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါ ထောက်ပံ့ငွေများကို မြို့အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ်နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူ များက မြို့ပေါ်ရပ်ကွက်နှင့် ဝေါ့ချုံးကျေးရွာအုပ်စုအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စု စုစုပေါင်း (၁၃၉) စုအတွက် တစ်အိမ် ထောင်လျှင် (၂၀၀၀၀) နှုန်း ဖြင့် စုစုပေါင်းငွေကျပ် (၂၇၈၀၀၀၀) ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

ဇယ်ဇောင်း(ပြန်/ဆက်)