မြစ်ကြီးနား နိုဝင်ဘာ ၁၆
ကချင်ပြည်နယ်အတွင်းရှိ ဆေးရုံများမှ ကိုဗစ်- ၁၉ ဓာတ်ခွဲနမူနာများကို မန္တလေးမြို့ရို အမျိုးသား ဓာတ်ခွဲဌာနသို့ ပို့ဆောင်ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်း (၁)ဦးနှင့်အတူ ပြည်နယ်ကြက်ခြေနီ တပ်ဖွဲ့မှ ဦးမောင်မောင်ချို ဦးစီးမှူး(တတိယ)တန်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးအောင်မြတ်သူ (ဒုတိယ)မြို့နယ် တပ်ဖွဲ့မှူးတို့ လိုက်ပါလျက် နိုဝင်ဘာ (၁၆) ရက် နံနက် (၇) နာရီခွဲက မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ စတုတ္ထအကြိမ် ထွက်ခွာသွားကြောင်း သိရသည်။
လက်တလောဖြစ်ပေါ်နေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကချင်ပြည်နယ် အတွင်းရှိ ဆေးရုံများမှ စောင့်ကြည့်လူနာ (၂၁၅) ဦးတို့၏ ကိုဗစ် - ၁၉ ဓာတ်ခွဲနမူနာများကို မန္တလေးမြို့ရှိ အမျိုးသား ဓာတ်ခွဲမူဆိုင်ရာဌာနသို့ ကျန်းမာရေးဝန်ထမ်း (၁) ဦးနှင့်အတူ ကြက်ခြေနီတပ်ဖွဲ့ဝင် (၂) ဦးမှ လိုက်ပါ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်နယ်ကြက်ခြေနီရုံးမှ သိရှိရသည်။
စိန်ဝင်း(ပြန်/ဆက်)