မန္တလေး ဖေဖော်ဝါရီ ၂၃
▲ တရားရုံးသတင်းအချက်အလက်ရယူမှုဆိုင်ရာနားလည်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပမည် ▲
တရားရုံးသတင်းအချက်အလက် ရယူမှုဆိုင်ရာ နားလည်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ဆာကူယာဟိုတယ်တွင် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉ နာရီတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
▲ မန္တလေးတက္ကသိုလ်တွင် 2020 Debate ပြိုင်ပွဲကျင်းပမည် ▲
မန္တလေးမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကော်လိပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ ယှဉ်ပြိုင်မည့် 2020 Debate ပြိုင်ပွဲကို မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်ရှိ မန္တလေးတက္ကသိုလ်တွင် ဖေဖော်ဝါရီ ၂၆ ရက် မှ ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▲ မန္တလေးဆေးတက္ကသိုလ်တွင် Dream to Become a Doctor; A Practicality or a Passion ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကျင်းပမည် ▲
Dream to Become a Doctor; A Practicality or a Passion ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးဆေးတက္ကသိုလ်ရှိ ဇီဝကခန်းမတွင် ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီ တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▲ မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပမည် ▲
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူး၍ မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်းတွင် ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၆ နာရီ တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။အဆိုပါ လက်ဝှေ့ပြိုင်ပွဲတွင် မြန်မာ-ထိုင်း တွဲဆိုင်းခုနှစ်ဆိုင်းနှင့်အတူ ကလပ်အသင်း အသီးသီးမှ မျိုးဆက်သစ်လက်ဝှေ့ကစားသမားများ၏ တွဲဆိုင်းများလည်း ပါဝင်မည်ဖြစ် ကြောင်း သိရသည်။
▲ အဆိုတော်ပိုပို၏ Master Piece in Mandalay One Lady Show ကျင်းပမည် ▲
အဆိုတော်ပိုပို၏ Master Piece in Mandalay One Lady Show တကိုယ်တော်ဖျော်ဖြေပွဲကို မန္တလေးမြို့ရှိ Yadanarpon Event Part ဖေဖော်ဝါရီ ၂၉ ရက် ညနေ ၆ နာရီ တွင် ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
▲ မန်းမြန်မာပလာဇာတွင်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုသရုပ်ပြဆောင်ရွက်မည် ▲
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုသရုပ်ပြ ဆောင်ရွက်ခြင်းကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မန်းမြန်မာပလာဇာတွင် မတ်လ ၁ ရက် နံနက် ၉ နာရီ တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
▲ Edu Tainment Festival 2020 ကျင်းပမည် ▲
Education နှင့် Entertainment တို့ပေါင်းစပ်ထားသော EduTainment Festival 2020 ကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊သိပ္ပံလမ်းပေါ်ရှိ မန္တလေးကွန်ဗင်းရှင်းစင်တာတွင် မတ်လ ၂ ရက် တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)