ကျောင်းကုန်း နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်နှင့် ကျုံပျော်မြို့နယ် ဆက်စပ်ထားသော ဇီးငူအုပ်စုရှိ ကင်ပွန်းခြုံ တံတားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်မ တာဝန်ရှိသူများက ပန္နက်တင်မင်္ဂလာ ကျင်းပခဲ့သည်။
ကင်းပွန်းခြုံတံတားသည် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တည်ဆောက်မည်ဖြစ်ပြီး၊ အလျှား (၄၀)ပေ၊ အကျယ်(၁၂)ပေရှိ၍ ကမ်းကပ်ခုံ၊ သံဘောင်ယက္မတံတားကြမ်းခင်း ပြုပြင်ခြင်းလုပ်ငန်းအား ခွင့်ပြုငွေ (၅၀.၈)သန်းဖြင့် မြို့နယ်ဒေသဖွံ့ဖြိုးရေး ကော်မတီမှ တာဝန်ယူတည်ဆောက်မည်ဖြစ်သည်။
ကျောင်းကုန်းမြို့နယ်မှ ဇီးငူအုပ်စု၊ ကျုံပျော်မြို့နယ်မှ မိချောင်းအိုင်အုပ်စု၊ မကျည်းကုန်းအုပ်စု၊ သရက်ချိုအုပ်စုနှင့် အင်းရဲအုပ်စု စသည့် ကျေးရွာအုပ်စု(၅)အုပ်စုမှ ဒေသခဲပြည်သူများ ကုန်ထုတ်လမ်းအဖြစ် အသုံးပြုနိုင်မည်ဟု သိရသည်။
အဆိုပါပန္နက်ရိုက်ပွဲသို့ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဇော်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း၊ မြို့မိမြို့ဖ ဦးသန်းဌေးနှင့် ဦးဝင်းဝင်းထွန်း၊ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးခင်ဇော်၊မြို့နယ် လမ်းဦးစီးဌာန တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ ဦးအေးကိုနှင့် မြို့နယ်ကျေးလက်လမ်းဦးစီးဌာန တာဝန်ခံအင်ဂျင်နီယာ ဒေါ်ဆုသီရိမွန်တို့ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)