နောင်မွန် နိုဝင်ဘာ ၁၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ် ရွေးကောက်ပွဲကာလတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အထူးရဲ (၂၅) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ယနေ့နံနက် (၉) နာရီခန့်က လုံမောင်ခန်းမ၌ ကျင်းပခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံ (၂၅) ရုံတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ (၂၅) ဦးကို အောက်တိုဘာ (၁) ရက်နေ့မှ အောက်တိုဘာ (၂၈) ရက်နေ့ထိ သင်တန်းပို့ချခဲ့ပြီးမဲရုံ ၂၅ ရုံ တွင်လုံခြုံရေးအတွက် ခန့်ထားခဲ့သည်။ ထိုသို့တာဝန်ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် မှ ရွေးကောက်ပွဲကာလတွင် ပြဿနာ မရှိအောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပါကြောင်း၊ ယခုလိုပူးပေါင်းတာဝန် ထမ်းဆောင်ခဲ့သည့် အထူးရဲတပ်ဖွဲ့ဝင်များအား အထူးကျေးဇူး တင်ပါကြောင်း ပြောကြား ခဲ့သည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းအောင်က အထူးရဲတပ်ဖွဲ့ဝင်များသည် ရွေးကောက်ပွဲ မတိုင်မီ ကြိုတင်မဲပေးသည့် အချိန်မှစ၍ ရွေးကောက်ပွဲကာလအထိ သန္ဓေရဲတပ်ဖွဲ့များနှင့် ပူးပေါင်း၍ လုံခြုံရေးတာဝန်များကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြောင်း၊ အထူးရဲတပ်ဖွဲ့ဝင် များအနေနှင့် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်လိုပါက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်ကိုက်ညီပါက လာရောက် စုံစမ်း နိုင်ကြောင်း၊ ယခုအခါအထူးရဲ ၂၅ ဦးမှ ၇ ဦးမှာ လာရောက်လျှောက်ထားပြီးဖြစ် ပါကြောင်း၊ ရွေးကောက်ပွဲကာလတွင်လည်း တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ သည့်အတွက်လည်း မိမိသို့ရဲတပ်ဖွဲ့မှ အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ကြောင်းသိရသည်။
မြနန်း(ပြန်/ဆက်)