သာပေါင်း နို၀င်ဘာ ၁၆
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ မဲရုံ(၂၀၃)ရုံတွင် မဲရုံလုံခြုံရေး တာ၀န်ထမ်းဆောင် ခဲ့ကြသော အထူးရဲ(၂၀၃)ဦးတို့ကို မြန်မာနိုင်ရဲတပ်ဖွဲ့ ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အ၊ထ၊က သာပေါင်းရှိ သော်ကဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်မှ အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဝေမြင့် က ၂၀၂၀ ပြည့်နှစ်၊နို၀င်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အထူးရဲတပ်ဖွဲ့၀င်အဖြစ် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို တာ၀န်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသောကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၏ဂုဏ်ပြုမှတ်တမ်းလွှာများကို အထူးရဲ တပ်ဖွဲ့၀င်များထံ ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်မှ အထူးရဲတပ်ဖွဲ့၀င်(၂၀၃)ဦးအတွက် ပေးအပ်သော ဂုဏ်ပြု မှတ်တမ်းလွှာများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဦးသိန်းဝေမြင့်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးမြင့်တို့က ပေးအပ်ရာ အထူးရဲတပ်ဖွဲ့၀င်များကိုယ်စား အထူးရဲ တပ်ဖွဲ့၀င် ကသ-၃ ဦးဇော်မျိုးဦး၊ ကသ-၅၈ ဦးမျိုးဇော်အောင်နှင့် ကသ-၆၅ ဦးထွန်းလင်းအောင် တို့က လက်ခံရယူခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဦးသိန်းဝေမြင့်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် ဌာနဆိုင်ရာများ အထူးရဲတပ်ဖွဲ့၀င်(၁၃၆)ဦး တတ်ရောက်ခဲ့ကြပြီး ဘုရားကုန်း နယ်မြေရဲစခန်း၊ လူထုဗဟိုပြုခန်းမတွင် အထူးရဲတပ်ဖွဲ့၀င်(၄၄)ဦး၊ စက်ဒေါင့်ကြီး ရဲကင်းစခန်း၊ အ.ထ.က စက်ဒေါင့်ကြီး စာသင်ကျောင်းခန်းမတို့တွင် အထူးရဲ တပ်ဖွဲ့၀င် (၂၃)ဦးတို့ကို တစ်ချိန်တည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်မှပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း ၊ သာပေါင်း(ပြန်/ဆက်)