ဟိုပင် နိုဝင်ဘာ ၁၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈ အုပ်စုရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား Stay at home ကာလအတွင်း စတုတ္ထ အကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၈ နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများကို နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုပေါင်း ၂၄၅၂ စုအား တစ်အိမ်ထောင်လျှင် ထောက်ပံ့ငွေ ၄၀၀၀ဝိ ကျပ်နှုန်း ထောက်ပံ့ခဲ့သော်လည်း ဟိုပင်မြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများက ထောက်ပံ့ငွေ ရလိုမှုဖြင့် တောင်းဆိုမှုများ ရှိခဲ့သောကြောင့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများက ထောက်ပံ့ငွေများ အညီအမျှရရှိစေရေးအတွက် ရပ်ကွက်ကျေးရွာအလိုက် ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ ညှိနှိုင်းတိုင်ပင်ဆွေးနွေးကာ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ မရမရှိမဖြစ်စေရန် ရည်ရွယ်၍ အိမ်ထောင်စုတစ်စုလျှင် ၂၀၀၀ဝိ နှုန်းဖြင့် အိမ်ထောင်စုပေါင်း ၄၉၀၄ စုကို ပေးအပ်ခဲ့ကြောင်း ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။
ကိုဗစ်ကာလမှာ ပုံမှန်၀င်ငွေမရှိဖြစ်နေသည့် နန့်ရင်းကျေးရွာမှ ပြည်သူတစ်ဦးက စတုတ္ထအကြိမ် ထောက်ပံ့ငွေ ၂၀၀၀၀ ကျပ် ရရှိခဲ့တဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါကြောင်း ပြောကြားခဲ့သည်။
တိုးတိုးမေ (ဟိုပင်)