မိုင်းလုံမြို့ ဈေးရပ်ကွက်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများထံ ထောက်ပံ့ငွေများ သွားရောက်‌ပေးအပ်

မိုင်းလုံ နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ဈေးရပ်ကွက်၌ ပုံမှန်ဝင်ငွေမရှိသော အ‌ခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန် နိုင်ငံတော် ထောက်ပံ့ ငွေများကို ယနေ့ နံနက်(၁၀) နာရီ အချိန်ခန့်က မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ ဦးဆောင်၍ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ထောက်ပံ့ရာတွင် ဈေးရပ်ကွက်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များ အား တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀/-)နှုန်းဖြင့် အိမ်ထောင်စု (၂၀)အတွက် ငွေကျပ်(၄၀၀၀၀၀/-) ကိုစတုတ္ထအကြိမ်မြောက် ပြည်သူ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စန္ဒာ(မိုင်းလုံပြန်/ဆက်)