ပူတာအိုခရိုင်၌ ရွေးကောက်ပွဲကာလအတွင်း မဲရုံအသီးသီးတွင် လုံခြုံရေးတာ၀န် ထမ်းဆောင်ခဲ့ကြသည့် အထူးရဲတပ်ဖွဲ့၀င်များအား ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်

ပူတာအို  နို၀င်ဘာ  ၁၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလ မဲရုံအသီးသီးတွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ခဲ့ကြသည့် အထူးရဲတပ်ဖွဲ့၀င်များအား ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက ပူတာအိုမြို့ အခြေခံပညာအထက် တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က ပူတာအိုခရိုင်အတွင်း ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ (၁) ရက်နေ့မှနို၀င်ဘာ (၁၅) ရက်နေ့အထိ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အတွက် အထူးရဲတပ်ဖွဲ့၀င် (၁၃၈) ဦးခန့်အပ်ခဲ့ပါ ကြောင်း၊ ပူတာအိုခရိုင်အတွင်း ခန့်အပ်ခဲ့သည့် အထူးရဲ(၁၃၈)ဦးတို့သည် သင်တန်းကာလနှင့် ရွေးကောက်ပွဲ ကာလအတွင်း အစားထိုးခန့်အပ်ရခြင်း၊ တာ၀န်ပျက်ကွက်ခြင်းများမရှိဘဲ မိမိတာ၀န်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့်အတွက် ရဲချုပ်မှဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်းဖြစ်ပါကြောင်း ပြောကြားပြီး ခရိုင်ရွေး ကောက်ပွဲ ဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးလွင်က နို၀င်ဘာ(၈) ရက်နေ့ သက်ဆိုင်ရာ မဲရုံအသီးသီးတွင် ဆန္ဒမဲလာရောက်ပေးသူများအား ပြဿနာတစ်စုံတစ်ရာ မဖြစ်ပွားစေရေးနှင့် အနှောက်အယှက်မရှိ စိတ်ချမ်းသာစွာ ဆန္ဒမဲပေးနိုင်ရေး အဖက်ဖက်မှ လုံခြုံရေးတာ၀န်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပါကြောင်း၊ ထို့အပြင် အထူးရဲတပ်ဖွဲ့၀င် များမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် အမြဲတမ်း တာ၀န်ထမ်းဆောင်ရန်အတွက် အထူးရဲ (၂၈) ဦးစာရင်းရရှိပြီး သင်တန်းတက်ရောက်နိုင်ရေး ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ အထူးရဲတပ်ဖွဲ့၀င်များအနေဖြင့် အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတာ၀န်ကို မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့်လက်တွဲပြီး ဆက်လက်၍ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်းပြောကြား သည်။

ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမျိုးလွင်နှင့် ရွေး ကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီ အဖွဲ့၀င်များက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလ တွင် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ခဲ့ကြသည့် အထူးရဲတပ်ဖွဲ့၀င်များအား ရဲချုပ်၏ဂုဏ်ပြုမှတ် တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာ၀န်ရှိသူများက တက်ရောက်လာသည့် အထူးရဲတပ် ဖွဲ့၀င်များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဂုဏ်ပြုစကားပြောကြားသည်။

အဆိုပါ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလတွင် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆောင် ရွက်ခဲ့ကြသည့် အထူးရဲတပ်ဖွဲ့၀င် များအား ရဲချုပ်၏ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပွဲတွင် ပူတာအိုမြို့ နယ်မှ အထူးရဲ (၄၈) ဦးနှင့် မချမ်းဘော့မြို့နယ်မှ အထူးရဲ(၁၇) ဦးတို့ကိုပေး အပ်ချီးမြှင့်ခဲ့ကြခြင်းဖြစ်ပြီး ပူတာအိုခရိုင်အတွင်း ကျန်ရှိ သည့်မြို့နယ်အတွင်းမှ အထူးရဲတပ်ဖွဲ့၀င်များအား သက်ဆိုင်ရာ မြို့နယ်များအလိုက် သတ်မှတ်နေရာများတွင် တပြိုင်တည်း ပေးအပ်ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

 

ဖုန်ကန်(ပြန်/ဆက်)