ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်တွင်စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ခင်း စံကွက် ရိတ်သိမ်းခြင်းကွင်းဆင်းဆောင်ရွက်

ပလောက်   နိုဝင်ဘာ  ၁၆

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ရိုင်၊ ပလောက်မြို့ ၊ အမှတ်(၁) ရပ်ကွက်တွင် စိုက်ပျိုးထား သောမိုးစပါး မျိုးစေ့ ထုတ် စိုက်ခင်းကွင်းအမှတ်(၁၈.ခ) ၊ ဦးပိုင်အမှတ် (၂၄)၊ ဧရိယာ(  ၃.၃၈) ဧကရှိ တောင်သူ ဦးလှမိုး၏ လယ်မြေတွင် ယနေ့ နံနက်ပိုင်းက စံကွက်ရိတ်သိမ်းခြင်း ကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပလောက်မြို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးသက်လွင် နှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်း နှင့်ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး/ ရပ်မိရပ်ဖနှင့်တောင်သူတို့က စိုက်ပျိုးထားသော ဆင်း သုခ မျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းများ ဆောင်ရွက်ရာတွင် ဆင်းသုခအမျိုးအစား ဧရိယာ(  ၃.၃၈  ) ဧက ၌ ထွက်နှုန်း  ( ၇၉  ) တင်းနှုန်းထွက်ရှိကြောင်း သိရှိရသည်။

နှင်းမြူလွင်  (ပလောက်ပြန်/ဆက်)