တောင်သာမြို့နယ်၌ အထူးရဲတာဝန်ထမ်းဆောင်ခဲ့သူ(၃၂၂)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

တောင်သာ နိုဝင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် အထူးရဲတပ်ဖွဲ့ဝင်များအား ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က တောင်သာ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပသည်။

အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မိုးသူရိန်က အမှာစကား ပြောကြားရာတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မဲရုံများတွင်  လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်ကို  ကျေပြွန်စွာ ထမ်းဆောင် ခဲ့ကြသည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ  ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးက တောင်သာမြို့နယ်အတွင်းရှိ မဲရုံပေါင်း(၃၂၂)ရုံတွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်ကို ထမ်းဆောင်ခဲ့ကြသည့် အထူးရဲတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမိုးသူရိန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အတွင်း ရှိ ရဲစခန်းအသီးသီးမှစခန်းမှူးများနှင့် အထူးရဲတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)