ခိုလမ် နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ ခိုလမ်မြို့တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် နှစ်သောင်း (၂ဝဝဝဝိ/-)နှုန်းဖြင့် စတုတ္ထအကြိမ် ထောက်ပံ့ပေးလျက်ရှိရာ ယနေ့နံနက်(၁၁)နာရီအချိန်က ပြည်သူများ လက်ဝယ်အရောက် လိုက်လံပေးအပ်ခဲ့သည် ။
အဆိုပါအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်ရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်မှ ဦးဆောင်ပြီး ရပ်ကျေးစာရေးများက မြို့ပေါ်ရပ်ကွက် ( ၆ ) ရပ်ကွက်ရှိ အိမ်ထောင်စု(၃၁၃) စုနှင့် ကျေးရွာ(၅)အုပ်စုရှိ အိမ်ထောင်စု(၂၇၂)စု ၊ စုစုပေါင်း အိမ်ထောင်စု(၅၈၅)စု အတွက် နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂ဝဝဝဝိ/-) နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ( ၁၁၇ဝဝဝဝဝ) (တစ်ရာတစ်ဆယ့်ခုနှစ်သိန်း)အား ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့အုပ်ချုပ်ရေးမှူး ထံမှသိရှိရသည်။
ခင်လေးဝင်း ( ပြန် / ဆက် )