ကျွန်းစု နိုဝင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲ၌ လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့သော အထူးရဲ တပ်ဖွဲ့ဝင်များကို ယနေ့ နံနက်ပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်းသိရသည်။
ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမောင်က အထွေထွေရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သည့် အထူးရဲများအား ကျေးဇူးတင်ရှိကြောင်း ရှင်းလင်း ပြောကြားခဲ့ကာ ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ခဲ့သည်။
ကျွန်းစုမြို့တွင် မဲရုံစုစုပေါင်း(၁၆၃)ရုံရှိပြီး ၎င်းမဲရုံများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်(၁၆၃)ဦးအား သက်ဆိုင်ရာနေရာများအသီးသီး၌ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)