ဝါးခယ်မမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Facebook Pageတွင် စာအုပ် မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်းများကို Onlineမှ နေ့စဉ်ရိုက်ကူး တင်ဆက်

ဝါးခယ်မ  နိုဝင်ဘာ  ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ရုံး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သော ပြည်သူများအတွက် အသိပညာဗဟုသုတ ရရှိစေရေးအတွက် ယနေ့ နံနက် ၁၀ နာရီက သုတပဒေသာကဏ္ဍ အစီအစဉ်တွင်ဒေါက်တာသန့်စင်(ရူပဗေဒ) ရေးသားသော မြန်မာ့ဆက်သွယ်ရေးဂြိုဟ်တု (Myanmar sat-2) သိကောင်းစရာ အကြောင်းကို Onlineမှ ရိုက်ကူးလွှင့်တင် ပေးခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ရောဂါ ကူးစက်ပြန့်ပွားမှု ဖြစ်စေရေးအတွက် စာကြည့်တိုက်များ ခေတ္တပိတ်ထားပြီး ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် အတွက် ရည်ရွယ်၍ စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း အစီအစဉ်များအပြင် အခြားဆန်းသစ်သော ဗဟုသုတရဖွယ် အစီအစဉ်များကို နေ့စဉ် ရိုက်ကူးတင်ဆက် ပေးလျက်ရှိကြောင်းနှင့် ဝါးခယ်မမြို့ ပြည်သူ့ စာကြည့်တိုက် Facebook Page တွင် နေ့စဉ်လွှင့်တင် ပေးလျက်ရှိကြောင်း သိရသည်။

စောသန္တာဦး(ပြန်/ဆက်)