ရွာသစ်မြို့ ဝေးလံခေါင်ဖျား ကျေးရွာများသို့ ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် လက်၀ယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်

ရွာသစ်   နို၀င်ဘာ  ၁၆

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ ဝေးလံခေါင်ဖျားဒေသ ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်၀င်ငွေမရှိသည့် အခြေခံ လူတန်းစား အိမ်ထောင်စု များအတွက် နိုင်ငံတော်မှ စတုတ္ထ အကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေပိုင်းက ကျေးရွာများသို့ လက်၀ယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးအပ်ရာတွင် ဟွေအောကျေးရွာ အိမ်ထောင်စု(၂၀)စု၊ လွယ်၀ိုင်းကျေးရွာ(၂၅)စု၊ ၀မ်ဗလ ကျေးရွာ(၂၀)စု၊ ၀မ်လွဲ့ကျေးရွာ (၉)စု၊ စုစုပေါင်း (၇၄) စုအား အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေ (၂၀၀၀၀/-)နှုန်းဖြင့်  အုပ်ချုပ်ရေးမှူး၊ စာရေး၀န်ထမ်းများက ကျေးရွာအရောက် ထောက်ပံ့ငွေများ သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

နန်းဆွေဆွေအေး (ပြန်/ဆက်)