ကွမ်းလုံမြို့၌ CERP အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သော မိုးစပါး(RS.CS) မျိုးသန့်မျိုးပွား စံပြကွက် ရိတ်သိမ်းခြင်း ဆောင်ရွက်


ကွမ်းလုံ   နိုဝင်ဘာ  ၁၆


ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ CERP အစီအစဉ်ဖြင့် မိုးစပါး (RS.CS) မျိုးသန့်မျိူးပွား စံပြကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကောင်းကျဲကျေးရွာအုပ်စု ကွင်းအမှတ်(၁၂) ဉီးပိုင်၅၂(က) တောင်သူဉီးလောက်ချန်း၏ လယ်ဧက(၂)ဧက၌ ရိတ်သိမ်းပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွမ်းလုံမြို့၏ ရေမြေဒေသနှင့်ကိုက်ညီသော မျိုးစေ့များရရှိစေရန်၊အထွက်နှုန်းပိုကောင်းစေရန်နှင့် စားသုံးမှု အရည်အသွေးကောင်းမွန်စေရန် ရည်ရွယ်၍ စမ်းသပ်စိုက်ပျိုးခြင်းဖြစ်ပြီး အဆိုပါ စံပြကွက် ရိတ်သိမ်းပွဲ ဆောင်ရွက်ခဲ့သည့် တောင်သူဉီးလောက်ချန်း၏ (RS.CS)မျိူးစေ့ထုတ်စိုက်ခင်း (ဘာစတီမျိုးစေ့ထုတ်)မျိုးမှ အစိုတစ်ဧကလျှင် အထွက်နှုန်း(၁၄၆)တင်းနှုန်းထွက်ရှိခဲ့ကြောင်းသိရသည်။

စိုင်းဇော်ခမ်း(ကွမ်းလုံ)