တနင်္သာရီ နိုဝင်ဘာ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တနင်္သာရီမြို့နယ် မြို့မရဲစခန်း အစည်းအဝေးခန်းမအတွင်း နိုဝင်ဘာလ၁၆ရက်နံနက် ၈နာရီအချိန်က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲကာလ၌ တာဝန်ကျရာ မဲရုံအသီးသီးတွင် လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့သည့် အထူးရဲတပ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲခေါင်မြင့်၊ မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ အထူးရဲတပ်ဖွဲ့ဝင်(၉၈)ဦး တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးရဲခေါင်မြင့်က အထူးရဲတပ်ဖွဲ့ဝင်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲ၌ မြို့နယ် အတွင်းရှိ မဲရုံအသီးသီးမှာ လုံခြုံရေးတာ၀န်များကို ပြဿနာတစ်စုံတစ်ရာမရှိဘဲ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဝမ်းမြောက် သောအားဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ်၏ ဂုဏ်ပြုမှတ်မ်းလွှာကို ချီးမြှင့်ပေးအပ်ခြင်းဖြစ်ကြောင်း၊ မိမိတို့နေရပ်သို့ ပြန်လည်ရောက်ရှိသည့် အခါတွင်လည်း မိမိကျေးရွာများအတွင်း ထူးခြားမှုများရှိပါက သတင်းများပေးပို့စေ လိုကြောင်း လမ်းညွှန် အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများမှ အထူးရဲတပ်ဖွဲ့၀င်(၉၈)ဦးအား တစ်ဦးချင်း စီထံ ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)