မယ်စဲ့ ဖေဖော်ဝါရီ ၂၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးဆောင်၍ ကျေးရွာများ သန့်ရှင်းသာယာလှပရေးအတွက် စွန်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ပန်တိန်းကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မယ်စဲ့မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမိုးအောင်က ကျေးလက်နေပြည်သူများ လူနေမှုဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အမှိုက်များကိုခွဲခြား၍ စနစ်တကျစွန့်ပစ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက် စေမှုအလား အလာ များကို လျှော့ချနိုင်စေရန်၊ ကျေးရွာပြည်သူများကိုယ်တိုင် ပူးပေါင်းပါဝင်လာခြင်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အကျိုးပြုစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာအခြေပြု စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မယ်စဲ့မြို့နယ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာသူ၊ ကျေးရွာသားများ၊ ကျေးရွာပရဟိတ အဖွဲ့လူငယ်များ ပူးပေါင်း၍ နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီး လမ်းဘေးဝဲ/ယာတစ်လျှောက်ရှိ အမှိုက်သရိုက်များကို ကောက်ယူရှင်းလင်းပြီး ထွက်ရှိလာသည့် အမှိုက်များကို မော်တော်ယာဉ်ဖြင့်သယ်ယူ၍ ကျေးရွာရှိ အမှိုက်စွန့်ပစ်ရန် သတ်မှတ်ထားသည့်နေရာသို့ စနစ်တကျသွားရောက် စွန့်ပစ်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)