ရွှေသောင်ယံမြို့ အမှတ်(၁)ရပ်ကွက်တွင် ကိုဗစ်-၁၉ဖြစ်ပွားနေသော ကာလအတွင်း နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်‌မြောက် ထောက်ပံ့ငွေများပေးအပ်

ရွှေသောင်ယံ  နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၁)ရပ်ကွက်တွင် ကိုဗစ်-၁၉ဖြစ်ပွားနေသော ကာလအတွင်း နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်မြောက်‌ ပေးအပ်သော ထောက်ပံ့ငွေများကို ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုတိုင်းအား တစ်အိမ်ထောင်လျှင် (၁၅၀၀၀)ကျပ်နှုန်းဖြင့် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါထောက်ပံ့ကြေးငွေများ ပေးအပ်နိုင်ရန်အတွက် မ‌ပေးအပ်မီကပင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်‌နေ ပြည်သူများမှ ညှိနှိုင်းဆွေနွေး တိုင်ပင်ခဲ့ကြပြီး အိမ်တိုင်းစေ့ ခွဲတန်းချပေးနိုင်ရန် သဘောတူညီ ခဲ့ကြသည့်အတွက် အမှတ်(၁)ရပ်ကွက်တွင် ကျပ်(၁၅၀၀၀)နှုန်းစီဖြင့် အိမ်‌ထောင်စု(၂၂၆)စု၊ ကျပ်(၁၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စု(၁၃)စုအား ၎င်းတို့၏ သဘောတူညီမှုဖြင့် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမောင်(ပြန်/ဆက်)