ရွှေသောင်ယံ နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ Facility Quarantine Centerတွင် ဝင်ရောက်နေသော ရန်ကုန်တိုင်းဒေသကြီးပြန် (၁၀)ဦးထံမှ ဓါတ်ခွဲနမူနာများရယူ၍ ယနေ့နံနက် ၈ နာရီက ပုသိမ်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရွှေသောင်ယံတိုက်နယ်ဆေးရုံရှိ ဆရာဝန်နှင့်ဆရာမများ၊ ရွှေသောင်ယံမြို့ သဘော့ကန်ကျေးလက် ကျန်းမာရေးဌာနမှ ဆရာမများ၊ Volunteerများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့မှ ပါဝင်ဆောင်ရွက်ကြပြီး ဓါတ်ခွဲနမူနာများကို သဘော့ကန်ကျေးရွာရှိ သုခမေတ္တာ လူမှုကူညီရေးကားဖြင့် ပုသိမ်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ ပို့ဆောင်ပေးခဲ့သည်။
ယခုအချိန်တွင် ရွှေသောင်ယံမြို့ အ.ထ.က ရွှေသောင်ယံ Facility Quarantine Center၌ ဓါတ်ခွဲနမူနာ ရယူထားသော ရန်ကုန်ပြန်(၁၀)ဦး အပါအဝင် Facility Quarantine ဝင်ရောက်နေသူ (၁၇)ဦးရှိကြောင်း သိရသည်။
ကိုကိုမောင် (ပြန်/ဆက်)