တီးတိန် နိုဝင်ဘာ ၁၆
ချင်းပြည်နယ်၊ တီးတိန်မြို့၊ လွယ်ဘွာလ်းရပ်ကွက်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက လွယ်ဘွာလ်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။
ထိုသို့ပေးအပ်ရာတွင် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၁၆၃) စုအတွက် တစ်အိမ်ထောင်စုလျှင် ကျပ် နှစ်သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၃၂၆၀၀၀၀/- ကို ထုတ်ပေးခဲ့ကြောင်း လွယ်ဘွာလ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝုန့်ဇကျင့် ထံမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)