ကန်ကြီးထောင့် နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ စာကြည့်တိုက်ကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယာယီပိတ်ထားစဉ် ကာလ အတွင်း စာဖတ်ပရိသတ်များ၊ ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် အွန်လိုင်းမှတစ်ဆင့် ကျန်းမာရေး အသိပညာပေး ဆောင်းပါးအစီအစဉ် တင်ဆက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်းပါး အစီအစဉ်တွင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ်၊ စာမျက်နှာ ၂၄ တွင်ပါရှိသော ဒေါက်တာမြင့်သန်းထွန်း ရေးသားထားသည့် "ကိုဗစ်-၁၉ရောဂါတွင် အနံ့အာရုံခံစားမှု ဘာကြောင့် ပျောက်ကွယ်ရတာလဲ" ဆောင်းပါးတွင်ပါရှိသော ကျန်းမာရေးဆိုင်ရာ အသိပညာများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာဦးက Online Page မှတစ်ဆင့် တင်ဆက်ပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စာဖတ်ပရိသတ်များ၊ ပြည်သူများနှင့် ကလေးငယ်များ အသိပညာ၊ ဗဟုသုတများ ရရှိစေရန်အတွက် ပုံပြော၊ ကဗျာရွတ် အစီအစဉ်များ၊ ဆောင်းပါး၊ စာအုပ်မိတ်ဆက်၊ စာဖတ်အညွှန်း အစီအစဉ်များနှင့် အသိပညာပေး Talk Show အစီအစဉ်များကို အပတ်စဉ်တိုင်း မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် IPRD Kangyidaunt Facebook Page တို့မှ အွန်လိုင်းစနစ်ဖြင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)