ညောင်ရွှေ နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့နယ်အ တွင်း၌ အသွားအလာ ကန့်သတ်ထားရှိသူ (၃၄)ဦး၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ် နမူနာများရယူ၍ ကိုဗစ်-၁၉ရောဂါ ကူးစက် ဖြစ်ပွားခြင်း ရှိမရှိစစ်ဆေးအတည်ပြုနိုင်ရန်အတွက် ဓာတ်ခွဲခန်းသို့ပို့ဆောင် စစ်ဆေးနိုင်ရန် ဓာတ်ခွဲနမူနာ ရယူခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဓာတ်ခွဲနမူနာများကို မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများ နှင့် အရပ်ဖက် စေတနာ့ဝန်ထမ်းများက စနစ်ကျရယူခဲ့ပြီး ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှတစ်ဆင့် ပြည်သူ့ကျန်း မာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)သို့ ပို့ဆောင်စစ်ဆေး သွားမည်ဖြစ်ပြီး ဓာတ်ခွဲ စစ်ဆေးမှုရ လဒ်အဖြေများအား အများပြည်သူသိရှိနိုင်စေရန်အတွက် အချိန် နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ သိရှိရသည်။
စိုင်းအယ်ဘဲ