ငပုတော နိုဝင်ဘာ ၁၆
ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများ ဖြစ်ပွားနေသောကြောင့် ငပုတောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေ ဦးစီးဌာနရုံး စာကြည့်တိုက်အား ယာယီပိတ်ထားစဉ် ကာလအတွင်း စာဖတ်ပရိသတ်များနှင့် ကလေးငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်အတွက် အသိပညာပေး လုပ်ငန်းများအား အွန်လိုင်းမှတဆင့် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ထုတ်လွှင့်ပေးလျက်ရှိသည်။
အွန်လိုင်းမှတဆင့် အသိပညာပေးရာတွင် စာဖတ်ပရိသတ်ပြည်သူများနှင့် ကလေးငယ်များအတွက် ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စာဖတ်သူအကြိုက် စာပေဆွေးနွေးခြင်းနှင့် Talk Show အစီအစဉ်များအား ငပုတောမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် Facebook Page မှတဆင့် ထုတ်လွှင့်ပေးနေသကဲ့သို့ ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပေးသတင်းများ၊ ဒေသဆိုင်ရာ သတင်းများနှင့် နိုင်ငံတော်၏ ထုတ်ပြန်ချက်အစရှိသည့် သတင်းအချက်အလက်များကိုလည်း IPRD Ngaputaw Facebook Pageတွင် နေ့စဉ်ဖော်ပြ ပေးလျက်ရှိကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)