ပုသိမ် ၌အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပုသိမ် နိုဝင်ဘာလ ၁၆

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ ၀၈:၀၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ အမှတ်(၁၃)ရပ်ကွက်၊ မြတ်တိုရပ်ရှိ မြို့နယ်ထွေ/အုပ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန် ဆောင်ရွက်ပေးခဲ့ကြသည့် အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။

 အခမ်းအနားသို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်း၊ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မင်းသိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်လှိုင်၊ မြို့နယ်တရားသူကြီး ဒေါ်သီရိစိုး၊ မြို့နယ်ဥပဒေအရာရှိ ဦးသက်ဖြိုးအောင်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်းနှင့် အထူးရဲတပ်ဖွဲ့ဝင်(၈၂)ဦးတို့ တက်ရောက်ခဲ့ ပြီး အခမ်းအနားတွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ အဖွင့်အမှာစကားပြောကြားပြီး အထူးရဲတပ်ဖွဲ့ဝင် (၈၂)ဦး ကိုယ်စား အထူးရဲ မျိုးဇော်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။

 မြင့်ဟန်