မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မိုးနဲ   ဖေဖော်ဝါရီ    ၂၃

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့၌ ကျောင်းစာကြည့်တိုက်များနှင့် ကျေးရွာကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပရာ မြို့ဦးစီးမှူး ဒေါ်စန်းစန်းယဉ်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ဆွေးနွေးပွဲသို့ ကျိုင်းတောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ဆရာ/ ဆရာမ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးကို အထက(တုန်ဟုန်း)ကျောင်းမှ စာကြည့်တိုက်တာဝန်ခံဆရာမ ဒေါ်ခင်မေဦးက လည်းကောင်း ၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန် ဖွံ့ဖြိုးရေးကို အမက(ပါဆာ) ကျောင်းအုပ်ဆရာမ ဒေါ်သန္တာချစ်နှင့် ကျေးရွာစာကြည့်တိုက်မှူးဒေါ်နန်းဆိုင်ငင်းတို့ကလည်းကောင်း အသီးသီး ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာကြသော ဆရာ/‌ဆရာမများက ဆွေးနွေပွဲခေါင်းစဉ်အလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)