မိုင်းရှူး နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ဟိုဆိုင်ကျေးရွာအုပ်စုအတွင်းပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၂၁၈၀)စု အား နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ငွေကြေးထောက်ပံ့ပေးအပ်ပွဲကို ယနေ့နေ့လည် ၂နာရီအချိန်ခန့်က မိုင်းရှူးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မိုင်းရှူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ်က ကိုဗစ်ကာလအတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်း စားများစား၀တ်နေရေး အဆင်ပြေစေရေး နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျင် ငွေကျပ်၂၀၀၀၀နှုန်းဖြင့် စတုတ္ထအကြိမ် ငွေကြေးထောက်ပံ့ပေးခြင်းဖြစ်၍ ထောက်ပံ့ငွေများကို ပြည်သူများလက်ဝယ်အရောက် စနစ်တကျ ပေးအပ်သွားကြရန် ပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး.ဦးစိုးမင်းထွဋ်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်နီချစ် တို့က တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့်အိမ်ထောင် စု(၂၁၈၀)၊ စုစုပေါင်းငွေကျပ် (၄၃၆၀၀၀၀၀) ကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေး မှူး များထံ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
မိုင်းရှူးမြို့နယ်အတွင်း၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၄၇၆၈)စု ရှိသည့်အနက် အိမ်ထောင်စု (၂၅၈၈)စု တို့ကိုတစ်အိမ် ထောင်စုလျှင်ငွေကျပ်၂၀၀၀၀နှုန်းဖြင့် ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)