ပြည်ကြီးမဏ္ဍိုင် ဇူလိုင် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကိုယနေ့ နံနက် (၁၀) နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်(၉)ဦး၏ အတုယူဖွယ်၊ မှတ်သားဖွယ်ရာများအပြင် ကျောင်းစာကို ကြိုးစားသင်ယူကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုသင့်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် အနာဂတ်ကာလ၌ အသိပညာကြွယ်ဝသည့် နိုင်ငံသားကောင်း၊ သမီးကောင်းများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်းတို့ကို တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများအား အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အာဇာနည်ကိုးဦး၏ အတ္ထုပ္ပတ္တိများ၊ အာဇာနည်နေ့နှင့်ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်းများပါဝင်သည့် နံရံကပ်စာစောင်များအား ပြသရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)