သရက်ချောင်းမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

သရက်ချောင်း     ဇူလိုင်      ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြိုနယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူများ ကျန်းမာရေးဗဟုသုတများကြွယ်ဝစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community center)ခန်းမ၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် သရက်ချောင်းမြိုနယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ တိုင်းရင်းဆေးကုဌာနမှ ဦးစီးအရာရှိ ဒေါ်ရွက်ဝါအောင်က ကျောင်းသား/သူများအား ဝမ်းပျက်ဝမ်းလျှောရောဂါသည် မသန့်ရှင်းသောရေနှင့် အစားစာများ‌ စားသောက်မိရာမှတစ်ဆင့် ကူးစက်ဖြစ်ပွားဖြစ်ကြောင်း၊ မိုးဦးကျကာလနှင့် မိုးအကုန်ဆောင်းအကူးတွင် အဖြစ်များကြောင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါလက္ခဏာများအကြောင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ အ‌ကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း လက်ကမ်းစာစောင်များဖြန့်ဝေကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)