မအူပင် နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မအူပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာခင်မာစိုးနှင့် ဒေါက်တာ ဇော်ဝင်းလှိုင် တို့ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက လူစည်ကားရာ နေရာများတွင် နှာခေါင်းစည်း Mask များ၊ မျက်နှာကာ Face Shield များ တပ်ဆင်သွားလာစေရန် ယနေ့နံနက် ၇ နာရီက အခမဲ့ဖြန့်ဝေ ပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါသည် စျေးများတွင် စျေးဝယ်သူများ၊ စျေးရောင်းသူများ၊ ရောဂါအခံရှိသူများ အများဆုံး ကူးစက်မှုတွေ့ရှိရသဖြင့် နေအိမ်မှ အပြင်ထွက်သူတိုင်း နှာခေါင်းစည်း Mask နှင့်မျက်နှာကာ Face Shied မဖြစ်မနေတပ်ဆင်ကြရန် ဆောင်ရွက်ပြီး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းကို လူစည်ကားသည့် အခွန်လွတ်စျေး၊ သားငါးစျေး၊ (၃) လမ်းစျေး၊ ဗန်ဒါပင်စျေး၊ ပြုံးချိုလေးစျေး၊ (၉)လမ်းစျေး၊ ဘုရားလမ်း၊ တိုးရွှေဝါခန်းမရှေ့၊ မြို့အဝင်ရေလဲလမ်းဆုံတို့တွင် အဖွဲ့ ၃ ဖွဲ့ခွဲကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ခိုင် (မအူပင်)