မိုင်းငေါ့ နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် ဆောင်ရွက်ရမည့် အချက်များကို ပြည်သူများ သိရှိ နိုင်ရန် ရည်ရွယ်၍ ယနေ့ မွန်းလွဲ (၁)နာရီ အချိန်ခန့်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး အသိပညာပေး နံရံကပ်စာစောင်အား ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် တရားမျှတမှုရရှိရေး ပြစ်ဒဏ်ကင်းလွတ်ခွင့်များ ရပ်တန့်ပေး ဆောင်ပုဒ်များ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အပြစ်သတ်မှတ်ချက်များ၊ အကြမ်းဖက်မှုကို ဥပဒေအရ ဖြေရှင်းဆောင်ရွက်နိုင်သည့် အချက်များ စသည့်အကြောင်း အရာများအား ထည့်သွင်းဖော် ပြထားသည်။
ထိုသို့ အသိပညာပေး လုပ်ငန်းဆောင်ရွက်မှုများကို မိုင်းငေါ့ ပြည်သူ့စာကြည့်တိုက်တွင် နိုင်ငံတော်အကြီး အကဲများ၏ တိုင်းကျိုးပြည်ပြုလုပ်ငန်း ဆောင်ရွက်မှု မှတ်တမ်းများ၊ အနုပညာရှင်များ၏ ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များ၊ ဒေသ လှုပ်ရှားမှု မှတ်တမ်းများ၊ ကိုဗစ်-၁၉ ဆိုင်ရာ အသိ ပညာပေး နံရံကပ်စာစောင်များကို ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ်အနေဖြင့် ပြသဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)