နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နမ့်ခမ်း       နိုဝင်ဘာ    ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ ကိုဗစ်-၁၉ ရောဂါပိုးရှိ လူနာတွေ့ရှိပြီး နောက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ယနေ့ချိန်အထိ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဌာနအမှုဆောင်အရာရှိ ဦးအောင်ဖ ဦးဆောင်သည့် စည်ပင်သာယာဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှာ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက နမ့်ခမ်းမြို့ စည်ပင်သာယာစျေးတွင် စျေးရောင်း၊ စျေးဝယ်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုန်ပြန်သည့် ကျန်းမာရေး လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ၊ စျေးသူ စျေးသားများ နှာခေါင်းစည်း(Mask)တပ်ဆင် သွားလာခြင်းရှိ မရှိ၊ တစ်ဦးနှင့်တစ်ဦး သတ်မှတ်သည့် အကွာအဝေး စျေးရောင်း စျေးဝယ်ခြင်း ရှိ မရှိ နေ့စဉ်စစ်ဆေးကြပ်မှတ်ပြီး ညွှန်ကြားချက်များ ထပ်မံသိရှိအောင် ဖြန့်ဝေပေကြသည်။

မြို့တွင်း လူစည်ကားရာ နေရောနှင့် လူသွားလာများသည့်နေရာများတွင် လမ်းသွားလမ်းလာသူများမှ လူတိုင်း နှာခေါင်းစည်း(Mask)တပ်ဆင်နိုင်ရေးကို ချက်ချင်းဝယ် ချက်ချင်းတပ်စနစ်တောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ရန် လိုက်လံနှိုးဆော်အသိ ပေးလျက်ရှိပြီး နမ့်ခမ်းမြို့အဝင်တွင် ဌာနဆိုင်များနှင့် လူမှုကူညီရေး အသင်းများက ပူးပေါင်းပြီး  မြို့ဝင်မြို့ထွက် သွားလာသူများ ကိုယ်အပူချိန်တိုင်းခြင်း၊ ခရီသွားရာဇဝင်များ စစ်ဆေး ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘဦး(ပြန်/ဆက်)