လယ်ဝေးမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

 

လယ်ဝေး     နိုဝင်ဘာ ၁၆

     

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၂)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက လယ်ဝေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီဌာန၊ အစည်းအဝေးခမ်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေက အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၏နှစ်ပတ်လည်နေ့သည် နိုဝင်ဘာ(၇)ရက်နေ့၌ ကျရောက်ခဲ့သော်လည်း ရွေးကောက်ပွဲ ကျင်းပသည့်ကာလအတွင်းဖြစ်နေ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများတွင် အချိန်ပြည့် တာဝန်ထမ်းဆောင်နေရသဖြင့် ရွေး ကောက်ပွဲ အပြီးကာလတွင် ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပေါ်လာပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ငွေသားနှင့် လက်ဆောင်ပစ္စည်း ကံစမ်းမဲများပြုလုပ်ကာ ဝန်ထမ်းများအား အလှည့်ကျစနစ်ဖြင့် မဲနှိုက်စေပြီး ကံစမ်းမဲပေါက်သူတစ်ဦးချင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးတို့က ချီးမြှင့်ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

နေဇော်ချစ်(ပြန်/ဆက်)