ဇလွန် မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ခြင်း နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အတွက် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီတွင် မြို့မစျေးသစ်အတွင်း ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များနှင့် မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်းများက ဇလွန်မြို့မစျေးသစ်အတွင်း စျေးသူစျေးသားများနှင့် စျေးသွားစျေးလာများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဇလွန်မြို့မစျေးသစ်အတွင်းအသုံးပြုရန်ထားရှိထားသော လက်ဆေးဘေစင်များတွင် လက်ဆေးနည်းစနစ်များ အသိပညာပေးခဲ့ကြသည်။
ဝေယံ