ရွှေညောင်မြို့ လှိုင်ဘုံသာရပ်ကွက်ရှိ ရွှေခြင်္သေ့ဓာတ်ဆီဆိုင် ၌ မီးလောင်မှုဖြစ်ပွား

တောင်ကြီး   နိုဝင်ဘာ   ၁၆

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ လှိုင်ဘုံသာရပ်ကွက်၊ နယ်မြေ (၂ ) ဆိုင်အမှတ် ၃၈ ၊ ရွှေခြင်္သေ့ ဓာတ်ဆီဆိုင်တွင် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်ခန့်က ဆီဘောက်ဆာ အတွင်းမှဆီများ ပေပါအတွင်းသို့ ပြောင်းထည့်နေစဉ် အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်း ခဲ့ကြောင်း သိရသည်။

မီးလောင်ရာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်အတွင်းရေးမှူး ဦးနေလင်း၊  ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်၊ ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးတင်မင်း၊ တောင်ကြီးခရိုင်မီးသတ်ဦးစီးဌာနဦးစီးမှူးဦးလှမင်း၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်သန်း ရွှေညောင်မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်း(၁၀၀) ဦးခန့်မှ တောင်ကြီး မြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ရွှေညောင်မြို့များ မှ  မီးသတ်ယာဉ်(၁၄) စီး၊ ရေသယ် ယာဉ်()စီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ()နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် အလျား (၂၄) ပေ၊ အနံ (၂၅) ပေရှိ သွပ်မိုး၊ အုတ်ညှပ် တစ်ထပ်အဆောက်အဦ တစ်လုံး နှင့် ဆီပေပါ (၇၀)လုံး မီးလောင်ကျွမ်းခဲ့ပြီး အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူအား ရွှေညောင်မြို့ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

 

 စိုင်းသန်းကျော်(တောင်ကြီး)