ကျွန်းစုမြို့တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် က‌ဗျာနှင့် စာစီစာကုံး ပြိုင်ပွဲကျင်းပ

ကျွန်းစု ဇူလိုင် ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ​မြို့နယ်အဆင့် ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲများကျင်းပရာ၌ ကဗျာပြိုင်ပွဲတွင် မျိုးချစ်အာဇာနည်၊ အာဇာနည်နေ့အတွေးနှင့် သန္နိဋ္ဌာန် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲတွင် အာဇာနည်နေ့ တို့‌မမေ့၊ အာဇာနည်နေ့နှင့် လူငယ်တာဝန်၊ အာဇာနည်နေ့မှသည် လွတ်လပ်ရေးပန်းတိုင်ဆီသို့ ခေါင်းစဉ်တို့ဖြင့် လည်းကောင်းကျင်းပပြုလုပ်ခဲ့ရာ စာစီစာကုံးပြိုင်ပွဲတွင် ထက်၊ လယ်၊ မူ ကျောင်းသား၊ ကျောင်းသူ (၂၂)ဦး၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)