လားရှိုး နိုဝင်ဘာ ၁၇
လားရှိုးမြို့နယ် လွယ်တောက်ကျေးရွာအုပ်စုရှိ ဆယ်မိုင်ကွေ့ကျေးရွာနေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးအတွက် ယမန်နေ့ ညနေ(၄)နာရီ အချိန်ခန့်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (လားရှိုး) က ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်၊ လားရှိုး မြို့နယ်ကြက်ခြေနီအသင်း၊ မိတ်ဆွေမြန်မာတို့နှင့် ပူးပေါင်း၍ လားရှိုးမြို့နယ်၊ လွယ်တောက်ကျေးရွာအုပ်စု၊ ဆယ်မိုင်ကွေ့ကျေးရွာ၌ ကိုဗစ်-၁၉ ကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများ လိုက်နာရမည့် ကျန်းမာရေး အမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခဲ့ပြီး လက်ဆေးဆပ်ပြာ၊ Mask နှင့် ကိုဗစ်-၁၉ ကာကွယ်နိုင်ရန် နှာခေါင်းစည်းကို အသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များ၊ နှာခေါင်စည်းကို အသုံးပြုရာတွင် လိုက်နာရမည့် အချက်များ၊ ကိုဗစ်-၁၉ ကာကွယ်ရေး စနစ်တကျလက်ဆေးပေး ပါဝင်သည့် လက်ကမ်း စာစောင်များ ဖြန့်ပေးဝေခြင်း၊ Hand Gel များဖြင့် လက်သန့်စင်ပေးခြင်း၊ အပူချိန်တိုင်းကိရိယာဖြင့် ကိုယ်အပူချိန်တိုင်းပေးခြင်းတို့အား ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)