မိုင်းကိုင်မြို့နယ်၌ တောင်ယာစပါးရိတ်သိမ်းမှု အထွက်နှုန်း ကွင်းဆင်းတိုင်းတာခြင်း ဆောင်ရွက်

မိုင်းကိုင်    နိုဝင်ဘာ     ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း  စပါးရိတ်သိမ်းသည့်ကာလ ဖြစ်သည့်အတွက်  မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ  ဝန်ထမ်းများက  ယမန်နေ့တွင် လယ်ယာစပါး အထွက်နှုန်းများ  သိရှိ နိုင်ရေး  ကွင်းဆင်းတိုင်းတာခဲ့သည်။

အဆိုပါ ကွင်းဆင်းမှုတွင်  တောင်ယာစပါးများ စိုက်ပျိုးသည့် ဟိုနားကျေးရွာအုပ်စု ၊ ဝမ်ကောင်းကျေးရွာ ၊ အကွက်အမှတ် ၅၀ ရှိ  တောင်သူ ပါရွှေအိမ်(ဝိင်းငင်း)၏  ဒေသထွက် ကောက်ညှင်းစပါးမျိုး (ခေါက်ဖီပန်) စပါးကို ၆.၆ ဧက  ရိတ်သိမ်းပြီး  (Y. Method) တိုင်းတာခဲ့ရာ  ကောက်ကွက်ပင်ပွား ၊ စပါးတစ်နှံတွင် ပါရှိသော စပါးစေ့အရေအတွက် ၉၅ စေ့၊ အောင်စေ့စုစုပေါင်း ၁၁၅.၈ ၊ တစ်ဧက စပါးအထွက်နှုန်း   ၄၀  တင်း ရှိကြောင်း၊ အထွက်နှုန်း ပိုမိုကောင်းမွန်လာရေးအတွက် တောင်သူပညာပေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန  လက်ထောက် ဦးစီးမှူး  ဦးစိုင်းထွန်းလှ၏  ပြောပြချက်အရ  သိရသည်။

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)