ကျောက်ဆည် နိုင်ဝင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရွှေအင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လျက်ရှိရာ ယခုအခါ တည်ဆောက်ရေးလုပ်ငန်းများ (၉၀)ရာခိုင် နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ကျောင်းဆောင်သစ်အား နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ ကျပ်(၄၈.၆)သန်းဖြင့် နန်းစဉ် ရတနာ ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူပြီး အလျား(၉၀)ပေ၊အနံ(၃၀)ပေ၊ အမြင့်(၁၂)ပေ၊ အာစီတစ်ထပ်အဆောက် အဦးဖြစ်ကြောင်း သိရှိရသည်။
ရွှေအင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၇၃)ဦး ပညာ သင်ယူလျက်ရှိပြီး ဆရာ၊ဆရာမ (၁၁)ဦးရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)