ပင်းတယမြို့နယ် အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၃၂၃၇) အတွက် နိုင်ငံတော်အစိုးရမှစတုထ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်

ပင်းတယ   နိုဝင်ဘာ   ၁၇

ရှမ်းပြည် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသည့် အခြေခံ လူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်က အမှာစကားပြောကြားပြီး ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် နိုင်ငံတော်အစိုးရမှ (စတုထ္ထအကြိမ်) ထောက်ပံ့ငွေကျပ် တစ်အိမ်ထောင်လျှင် ၂၀,၀၀ဝိ/- ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၃၂၄၇) အတွက်  စုစုပေါင်းထောက်ပံ့ ငွေကျပ် (၆၄,၉၄၀,၀၀ဝိ/-) အား သက်ဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက်နှင့်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီး အခြေခံလူတန်းစား ပြည်သူများအား လက်ဝယ် အရောက် ပေးအပ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ပင်းတယ(ပြန်/ဆက်)