ရွှေကူမြို့နယ်တွင် Test Kit ဖြင့် စစ်ဆေးရာမှ ကိုဗစ်−၁၉ရောဂါ ပိုးတွေ့လူနာသစ် (၁)ဦးထပ်မံတွေ့ရှိ

ရွှေကူ  နိုဝင်ဘာ 

ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့ နံနက် နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်၁၉ရောဂါ ရှိ/မရှိ စစ်ဆေးခဲ့ရာ မန္တလေးရွှေကူ ပြေးဆွဲလျက်ရှိသော ဘီး ကုန်တင်ယာဉ်()စီးမှ ယာဉ်မောင်း မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ် ပေါက်ကရိုရပ်ကွက်တွင် နေထိုင်သော အမျိုးသား ()ဦးထံတွင် ကိုဗစ်၁၉ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့သည်။

ကိုဗစ်၁၉ရောဂါပိုးတွေ့ရှိသူ ယာဉ်မောင်း()ဦးအား ရွှေကူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကာ ဆေးကုသမှု ခံယူလျက်ရှိပြီး ၎င်းနှင့်အတူပါလာသည့် ယာဉ်နောက်လိုက် ()ဦးနှင့် အခြားဆက်စပ် လျက်ရှိသောသူများကို သီးခြားကန့်သတ် ဆောင်ရွက်ထားရှိပြီး ကိုဗစ်၁၉ရောဂါပိုး ရှိ/မရှိ ထပ်မံစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက RDT(Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးရာမှ ယနေ့အထိ ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိလူနာ စုစုပေါင်း()ဦး ရှိပြီဖြစ်ကြောင်း၊ ()ဦးမှာ ကျန်းမာရေး ပုံမှန်အတိုင်း ကောင်းမွန်ခဲ့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုပြီးဖြစ်ကြောင်း၊ ()ဦးမှာ ရွှေကူမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုများ ဆက်လက်ခံယူလျက်ရှိကြောင်း သိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)