ဟင်္သာတ၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် (စတုတ္ထအကြိမ်) ထောက်ပံ့ပေးအပ်

ဟင်္သာတ  နိုဝင်ဘာ  ၁၇

ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ (စတုတ္ထအကြိမ်) ထောက်ပံ့ပေးအပ်သည့်  ငွေများကို ယမန်နေ့က အိမ်ထောင်စုများ လက်ဝယ်အရောက် လိုက်လံပေးအပ် လျက်ရှိကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင် ရပ်ကွက်(၃၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၀၁)အုပ်စု ရှိသည့်အနက် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၄၁၈၉၀ အတွက် တစ်အိမ်ထောင်စုလျင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့်် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကော်မတီအဖွဲ့များက အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)