ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ယူဆောင်ရွက် လျက်ရှိသူများအား စားသောက်ဖွယ်ရာများနှင့် အလှူငွေများပေးအပ်လှူဒါန်း

ကျောက်ဆည် နိုင်ဝင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် မြို့အဝင် စစ်ဆေးရေးဂိတ်တွင် တာဝန်ယူဆောင်ရွက်လျက်ရှိသော ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်း၊ အဖွဲ့ဝင်များအား ယနေ့နံနက်(၇)နာရီခွဲအချိန်က စားသောက်ဖွယ်ရာများ၊ ရေသန့်ဘူးများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် မြို့ဦးရပ်ကွက်မှ ဦးမောင်သင်း+ဒေါ်စိုးစိုး မိသားစုနှင့် ပြည်ပန်းကျေးရွာမှ ဦးထွန်းရီ+ဒေါ်အေးအေးသင်း မိသားစုတို့မှ ထမင်းထုပ်(၈၇)ထုပ်၊ မြန်မာသံတော်မြတ်ကုမ္မဏီ ဆင်မင်းဘိလပ်မြေစက်ရုံ ဦးအောင်ကိုသက်မိသားစုက (၁)လီတာရေသန့်ဘူး (၅)ကဒ်နှင့် ရေသန့်ဘူးနှင့် မြိုနယ်ကြက်ခြေနီတပ်ဖွဲ့တွင် လိုအပ်လျက်ရှိသော စကားပြောအထိုင်စက် ဝယ်ယူရန်အတွက် ဦးအောင်သူ+ဒေါ်စမ်းစမ်းအေး ဒန်၊ သတ္ထု ရောင်းဝယ်ရေး မိသားစုမှ ငွေကျပ်(၁)သိန်း အသီးသီးလှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းမှုများကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေသည့် မြို့ဝင် စစ်ဆေးဂိတ် တာဝန်ရှိသူများနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မြို့နယ်တပ်ဖွဲ့မှူး သက်နိုင်ဦးတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)