မင်းတပ်မြို့၌ Facility Quarantine နေထိုင်ပြီးသူ (၇) ဦးအား အိမ်ပြန်ခွင့်လက်မှတ်ပေးအပ်

မင်းတပ် နိုဝင်ဘာ ၁၇

မင်းတပ်မြို့ လူငယ်သင်တန်းကျောင်းအမှတ် (၂) ၌ Facility Quarantine နေထိုင်ပြီးသူ (၇) ဦးအား ယမန်နေ့မွန်းလွဲ (၂) နာရီတွင် Facility Quarantine နေထိုင်ပြီးသူ (၇) ဦးအား အိမ်ပြန်ခွင့်လက်မှတ် ပေးအပ်ကြောင်း သိရသည်။

အဆိုပါ Facility Quarantine နေထိုင်ပြီးသူ (၇) ဦးအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်နှင့် တာဝန်ရှိသူများက အိမ်ပြန်ခွင့် လက်မှတ်များပေးအပ်ပြီး အိမ်တွင်လည်း Home Quarantine (၁၀) ရက် ဆက်လက်နေထိုင်ရန် မှာကြားကြောင်း သိရသည်။ ယခုလက်ရှိတွင် မင်းတပ်မြို့ Quarantine Centre များ၌ Facility Quarantine နေထိုင်သူ စုစုပေါင်း ၆၀ ရှိပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၇) ဦးရှိကြောင်း ခရိုင်ပြည်သူ့ကုသကျန်းမာရေးမှူး ဒေါက်တာဇော်ဝင်းနိုင်ထံမှ သိရသည်။

ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)