မိုင်းစံ နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းစံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ နှာခေါင်းစည်းတပ်ဆင်ခြင်း ရှိမရှိကို တစ်ပတ်လျှင် နှစ်ရက်စစ်ဆေးကြရန်၊ အသိပညာပေးလုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ၊ ဒေသန္တရ အမိန့်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ ညစဉ် ဆော်သြကြရန်၊ နိုဝင်ဘာလ ၈ ရက်နေ့က ခေတ္တရပ်ရပ်နားခဲ့သော မြို့အဝင်/အထွက် ကျန်းမာရေးစစ်ဆေးရေး ဂိတ်နှင့် ပတ်သက်၍ ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စသည့်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက် သွားကြရန် ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်ခဲ့ကြသောဌာနဆိုင်ရာများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ပူးပေါင်းအဖွဲ့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖများက ဆောင်ရွက်မည့်လုပ်ငန်းများအပေါ် အသီးသီး ဆွေးနွေးခဲ့ကြပြီး အဆိုပါအစည်းအဝေးအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ချို (ပြန်/ဆက်)