ကွန်ဟိန်း နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနရုံး မြေစိုက်ပြဘုတ်နှင့် နံရံကပ်ပြဘုတ်တို့၌ ပြည်သူများအား အသိပညာပေးမှတ်တမ်းများ၊ အကြောင်းအရာများ ပြသခြင်းအား ယနေ့နံနက်ပိုင်းမှစတင်၍ ပြသထားလျှက်ရှိကြောင်း သိရသည်။
အဆိုပါ ပြဘုတ်များတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများနှင့် ဆောင်ရန်ရှောင်ရန်များ၊ မီဒီယာနှင့်သတင်းအချက်အလက် သိရှိနားလည်မှုရှိသော မိဘအုပ်ထိန်းမှုအတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာ နည်းလမ်းများ၊ ကိုဗစ်-၁၉ ဆိုင်ရာ အချက်အလက်များနှင့် ထင်မြင်ယူဆချက်များ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်/ ရှောင်ရန်များ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆ ချက်များ၊ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို အသုံးပြုခြင်းဆိုင်ရာ အကြုံပြုချက်များ၊ နှာချေချောင်းဆိုးသည့် အခါတိုင်း လိုက်နာရမည့်ကျင့်ဝတ်များ၊ စနစ်တကျ လက်ဆေးနည်း လမ်းညွှန်ချက်များ၊ ကိုရိုနာဗိုင်းရပ်စ်၏ ရောဂါလက္ခဏာများ၊ ကိုဗစ်-၁၉ ဆိုင်ရာ ဖြစ်ပွားမှုနှင့်ပတ်သက်သည့် အသိပညာပေးရုပ်ပုံများ စသည့် အသိပညာပေးအကြောင်းအရာများ ပါဝင်သည့်အပြင် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးမှတ်တမ်းများအား ထည့်သွင်းပြသထားပြီး ပြည်သူများ အသိပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ နေ့စဉ်ခင်းကျင်း ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်စန္ဒီမြင့်(ပြန်/ဆက်)